Concrete Surface Cracking-2 (Plastic Shrinkage Cracks)
ကွန်ကရစ်မျက်နှာပြင် အက်ကွဲခြင်း-၂ (Plastic Shrinkage Cracks)
Cracking on Plastic concrete
ကွန်ကရစ်ပျော့နေစဥ်မှာ Plastic shrinkage crack နဲ့ Settlement crack တွေဖြစ်ပေါ်နိုင်တယ်။ Concrete လောင်းပြီးတာနဲ့ ကွန်ကရစ်အတွင်းကအပူရှိန်နဲ့ ပြင်ပလေထုအပူရှိန်၊ နေပူရှိန်တွေကြောင့် Concrete ထဲကရေတွေ အငွေ့ပျံခြင်း Moisture loss (Evaporation) မြန်မြန်ဖြစ်ပါတယ်။ Bleeding water လို့ခေါ်တဲ့ ကွန်ကရစ်ထဲမှ စိမ့်ထွက်လာသော ရေအနည်းငယ် (Excess Water) ဟာလည်း ကွန်ကရစ်မျက်နှာပြင်ပေါ်ကိုတက်လာပါတယ်။ Bleeding water ပမာဏထက် Evaporation (water loss) ပမာဏကပိုများလျှင် Concrete surface သည် Fast dry ဖြစ်ပြီး ထုထည်ကျုံ့ခြင်း (Shrinkage) ဖြစ်စေပါသည်။ ကွန်ကရစ်အောက်ခြေက Formwork, Subgrade စသည်တို့က ကွန်ကရစ်ကျုံ့၀င်မှုကို ချုပ်ထိန်း (Restrain)ထားတဲ့အတွက် ကွန်ကရစ်မျက်နှာပြင်မှာ Tensile stress တွေဖြစ်လာပြီး Plastic shrinkage cracks တွေဖြစ်ပေါ်စေပါသည်။
Plastic Shrinkage Crack တွေဟာ ပုံစံအမျိုးမျိုးနဲ့ ပေါ်တတ်တယ်။ Random pattern, Polygonal pattern, Parallel each other စသဖြင့် ခပ်စိပ်စိပ် (သို့) ကျဲကျဲ ဖြစ်တတ်တယ်။ Crack width ကလည်း Hairline crack လို့ပြောရလောက်တဲ့ သေးသေးလေးကနေ 3mm အကျယ်လောက်ထိဖြစ်နိုင်ပါတယ်။ အနက်ကလည်း Concrete surface အပေါ်ယံမှ မီလီမီတာအနည်းငယ်အထိ ရောက်နိုင်ပါတယ်။ မပြုပြင်ဘဲထားရင် အချိန်ကြာလာတာနဲ့အမျှ ကွန်ကရစ်ထုအောက်ခြေအထိ Crack ကဆက်သွားပြီး full depth penetrated crack တွေဖြစ်သွားနိုင်ပါတယ်။
ကွန်ကရစ်မျက်နှာပြင်မှာ Rapid loss of moisture (Evaporation) မြန်မြန်ဖြစ်လို့ Plastic shrinkage crack တွေပေါ်လာကြတာဆိုတော့ ဒီ crack တွေလျော့ချနိုင်ဖို့ဆိုရင် ကွန်ကရစ်မျက်နှာပြင် အစိုဓါတ်လျင်မြန်စွာလျော့နည်းမှုမှ တတ်နိုင်သမျှကာကွယ်ရမယ်။ လေထုစိုထိုင်းဆ နည်းလွန်းပြီး ခြောက်သွေ့နေတဲ့အချိန်၊ နေပူရှိန်မြင့်လွန်းတဲ့ အချိန်၊ လေပူတွေတိုက်နေတဲ့ အချိန်မျိုးမှာ ကွန်ကရစ်လောင်းတာကို တတ်နိုင်သမျှ ရှောင်သင့်တယ်။ မဖြစ်မနေလောင်းရလျင် နေရောင်တိုက်ရိုက်မထိအောင် ယာယီအမိုးများပြုလုပ်သင့်တယ်။ လေပူတွေတိုက်တာသက်သာအောင် လေညာဘက်မှာ ယာယီအကာများ (windbreak) ကာရံတာ၊ ကွန်ကရစ်မျက်နှာပြင်အပေါ်ဘက်လေထုမှာ ရေမှုန်ရေမွှားလေးတွေ ဖျန်းပေးတာ (Foggy spray) မျိုးလုပ်ပေးသင့်တယ်လို့ ACI 224.1R-07 မှာ အကြံပြုထားပါတယ်။ ကျနော်တို့ဆီမှာတော့ foggy spray လိုမျိုးလုပ်ဖို့မလွယ်ဘူးထင်ပါတယ်။ ကွန်ကရစ်လောင်းပြီးလို့ Finishing ပြီးလျင်လည်း စောင့်ကြည့်စစ်ဆေးပြီး Crack ပေါ်နေလျင် သစ်သားလက်ပွတ်စောင်းလေးနဲ့ ထုတာမျိုးဖျောက်ဖျက်လို့ရပါတယ်။ ကွန်ကရစ်လုံး၀မာမသွားခင် (before fully harden) အချိန်ထိစောင့်ကြည့်ပြုပြင်လို့ရနိုင်ပါတယ်။
(ဆက်ရန်)
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Concrete Surface Cracking-2 (Plastic Shrinkage Cracks)
Cracking in Plastic Concrete
While concrete is still in its plastic (unhardened) state, plastic shrinkage cracks and settlement cracks can form. After pouring, the heat from both the concrete’s internal hydration and external factors (such as air temperature and direct sunlight) causes rapid moisture loss (evaporation) from the concrete. Additionally, bleeding water (excess water that rises to the surface) may appear on the concrete surface.
If the rate of evaporation exceeds the amount of bleeding water, the concrete surface dries too quickly, leading to shrinkage. Since the underlying formwork or subgrade restricts this shrinkage, tensile stress develops on the surface, resulting in plastic shrinkage cracks.
Characteristics of Plastic Shrinkage Cracks
These cracks can appear in various patterns:
- Random
- Polygonal
- Parallel lines
They may be fine and closely spaced or wider and more scattered. Crack widths can range from hairline cracks (barely visible) up to 3 mm, with depths varying from just the surface layer to several millimeters.
If left unrepaired, these cracks can deepen over time, eventually becoming full-depth penetrated cracks, compromising structural integrity.
Prevention & Mitigation
Since rapid moisture loss is the primary cause of plastic shrinkage cracks, minimizing evaporation is key. Avoid pouring concrete under:
- Extremely low humidity
- Intense sunlight
- Hot, windy conditions
If pouring is unavoidable, take these precautions:
- Use temporary covers to block direct sunlight.
- Set up windbreaks to reduce hot wind exposure.
- Apply fog sprays (as recommended in ACI 224.1R-07) to maintain surface moisture.
In practice, fog sprays may be difficult to implement. As an alternative, monitor the surface closely after finishing. If cracks appear while the concrete is still plastic, they can sometimes be closed by reworking the surface with a wooden float before full hardening.
Comments
Post a Comment