Concrete Surface Cracking-3 (Settlement Cracks)
ကွန်ကရစ်မျက်နှာပြင် အက်ကွဲခြင်း-၃ (Settlement crack)
Slab concrete လောင်းပြီးနောက်နေ့ Slab မျက်နှာပြင်နဲ့ Beam အပေါ်ဘက်နေရာတွေမှာ ဖြောင့်တန်းနေတဲ့ Crack line လေးတွေ ရံဖန်ရံခါတွေ့နိုင်ပါတယ်။ ဒါမျိုးကိုတော့ Settlement crack လို့ခေါ်ပါတယ်။ ကွန်ကရစ်လောင်းပြီးနောက် Plastic stage မှာ ကွန်ကရစ်ဟာ အနည်းငယ်အိကျခြင်း (Settlement due to consolidation) ဖြစ်နိုင်ပါတယ်တဲ့။ ထိုသို့ အိကျခြင်းကို horizontal rebar တွေ၊ Vertical formwork တွေ၊ နဂိုလောင်းပြီးသား ကွန်ကရစ်ဘေးမျက်နှာပြင်တွေက ပြန်လည်ထိန်းချုပ် (Restrain) ထားကြတယ်။ ထိန်းချုပ်မှုကြောင့် သံချောင်းလုံးအပေါ်ဘက် ကွန်ကရစ်မျက်နှာပြင်မှာ Crack လေးတွေ ပေါ်လာတတ်ပါတယ်။ Settlement crack တွေဟာ Rebar size ပိုကြီးလျင်၊ Slump များတဲ့ ကွန်ကရစ်သုံးလျင် (သို့) Concrete cover နည်းလျင် ပိုမိုဖြစ်ပေါ်တတ်ပါတယ်တဲ့။ Vibrator ထိုးတာနည်းလျင်လည်း Concrete density လျော့နည်းပြီး Crack ပိုဖြစ်နိုင်ပါတယ်။ Settlement crack တွေကိုလည်း ကွန်ကရစ်နုစဥ်မှာ (before fully harden) တတ်နိုင်သမျှ ခပ်ဖွဖွထုပြီး ဖျောက်ဖျက်နိုင်ပါတယ်။
(ဆက်ရန်)
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Concrete Surface Cracking-3 (Settlement Cracks)
After pouring slab concrete, you may occasionally notice straight crack lines on the slab surface or along the top of beams. These are called settlement cracks.
During the plastic stage (before hardening), freshly poured concrete can undergo slight settlement due to consolidation. However, this settling is often restrained by:
- Horizontal rebars
- Vertical formwork
- Adjacent hardened concrete surfaces
When this restraint occurs, small cracks can form on the concrete surface above the rebars. Settlement cracks are more likely to appear when:
- Larger rebar sizes are used
- High-slump (wetter) concrete is poured
- Concrete cover is insufficient
- Inadequate vibration leads to lower concrete density
If detected early (while the concrete is still plastic), these cracks can often be closed by reworking the surface with gentle floating or troweling before full hardening.
Comments
Post a Comment