Preparation and guidelines for Concrete Pouring Work
ကွန်ကရစ်လောင်းရန် ကြိုတင်စီမံခြင်းနှင့် လိုက်နာရန်အချက်များ (Concreting work)
၁။ အဆောက်အဦး၏ အစိတ်အပိုင်းတစ်ခုအား ကွန်ကရစ်လောင်းရန် အသင့်ပြင်ဆင်ပြီးသည့်အခါ ဆိုက်အင်ယာ သို့မဟုတ် စီမံကိန်းအင်ယာသည် ကွန်ကရစ်လောင်းရန်အတွက်
(၁) Concrete batching plant
(၂) ကွန်ကရစ်အမျိုးအစား အရည်အသွေး
(၃) ကွန်ကရစ်လောင်းမည့်ပမာဏ
(၄) လောင်းမည့်နည်းစနစ်
(၅) လူအင်အားနှင့် စက်ပစ္စည်း၊ စက်ယန္တရားအရေအတွက်
(၆) အချောသတ်အမျိုးအစားနှင့် အရည်အသွေး
(၇) ရာသီဥတု၊ မိုးလေကင်းလွတ်နိုင်သည့်ကာလ
(၈) ယာဉ်အ၀င်အထွက် လမ်းကြောင်း
(၉) ကွန်ကရစ်လောင်းချိန်သည် ညပိုင်းအထိရောက်နိုင်ပါက အလင်းရောင်လုံလောက်စွာ ထားရှိရေး ကြိုတင် စီစဉ်ထားမှု
(၁၀) ရုတ်တရက် မိုးရွာချပါက ဖုံးအုပ်ရန်အကာအကွယ်ပစ္စည်းများကို အရံသင့်ဆောင်ထားရန်...
စသည်တို့အပေါ်တွင် တွက်ချက်ဆုံးဖြတ်ပြီး သင့်တင့်သောဧရိယာကိုပိုင်းခြား၍ ကွန်ကရစ်လောင်းနိုင်ရန် စီစဉ်ဆောင်ရွက်ရမည်။
၂။ ကွန်ကရစ်လောင်းရာတွင် vibrator အရေအတွက်ကို လုံလောက်စွာ စီစဉ်ထားရှိပြီး ကွန်ကရစ်လောင်းလိုက်သည့် နေရာတိုင်း၌ သိပ်သည်းမှုဖြစ်စေရန် vibrator ထိုးပေးရမည်။
၃။ ကွန်ကရစ်လောင်းနေစဉ် vibrator ပျက်သွားပါက အစားထိုးနိုင်ရန် အရံ vibrator များ စီစဉ်ထားရမည်။
၄။ ကွန်ကရစ်လောင်းနေစဉ် Batching plant ပျက်ခြင်း၊ Pump ပျက်ခြင်းနှင့် အခြားအဟန့်အတားများ ပေါ်ပေါက်ပါက လုပ်ငန်းကို သေသပ်သော Construction joint နှင့်အဆုံးသတ်နိုင်ရေးအတွက် အစီအမံများပြုလုပ်ထားရမည်။
၅။ ကွန်ကရစ်နံရံများ၊ တိုင်များ၊ ထုထူသော Foundation slab များအားကွန်ကရစ်လောင်းရာတွင် တစ်လွှာလျှင် ၁၈လက်မထု ထက်မပိုသော အလွှာလိုက်လောင်းပြီးတိုင်း vibrator ကို ထိုအလွှာကျော်သည်အထိ နစ်အောင်ထိုးရမည်။ ကွန်ကရစ်လောင်းသည့်အခါတိုင်းတွင် AG ကားတိုင်း၏ Slump ပမာဏ၊ BP မှစထွက်ချိန်၊ ဆိုက်သို့ရောက်ချိန်၊ စတင်သွန်းလောင်းချိန်၊ ပြီးစီးချိန်နှင့် ထိုကားမှကွန်ကရစ်သည် ခန့်မှန်းအားဖြင့် မည်သည့် နေရာတွင်သွန်းလောင်းသည်တို့ကိုလည်းကောင်း မှတ်တမ်းတင်ထားရမည်။ HPBC guidelines နှင့်အညီ နမူနာကွန်ကရစ်များယူ၍ ပုံစံတုံးများရယူထားပြီးလျှင် သတ်မှတ်ရက်များ၌ သက်ဆိုင်ရာဓါတ်ခွဲခန်းတွင် ဖိအားခံနိုင်အားကို စမ်းသပ်ရမည်။
ကွန်ကရစ်လောင်းရာတွင် ကြိုဆင်ပြင်ဆင်ရန်နှင့် လိုက်နာရန် HPBCမှ အကြံပြုထားသည်များကို ပြန်လည်မျှဝေခြင်းဖြစ်ပါသည်။
(Ref: HPBC Inspection guidelines)
ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)
Preparation and guidelines for Concrete Pouring Work
1. Pre-Construction Planning
When an area of the structure is ready for concrete pouring, the site engineer/project engineer must evaluate and plan for:
(1) Concrete batching plant selection
(2) Concrete type and quality
(3) Volume of concrete required
(4) Pouring methodology
(5) Labor and equipment/resources
(6) Finishing type and quality
(7) Weather conditions and rain-free windows
(8) Vehicle access routes
(9) If pouring extends to nighttime: Adequate lighting arrangements
(10) Emergency waterproof covers (e.g., tarpaulins) for sudden rain.
Based on these factors, the area must be zoned and prepared for efficient pouring.
2. Vibration Requirements
- Ensure sufficient vibrators are arranged.
- Every poured section must be vibrated for proper compaction.
- Vibration depth must penetrate the previous layer (≤18" per layer).
3. Backup Protocol
Standby vibrators must be available to replace malfunctioning units *during pouring*.
4. Contingency Plan for Interruptions
If batching plant/pump failures or other disruptions occur:
- Implement a controlled *construction joint* to terminate the pour neatly.
5. Pouring Specifications & Records
- For walls, columns, and thick foundation slabs:
- Limit layers to ≤18" thickness.
- Vibrators must penetrate into the underlying layer.
- Mandatory documentation per AG truck:
- Slump value
- Departure time from batching plant (BP)
- Site arrival time
- Pour start/end times
- Estimated placement location of concrete
- Testing: Collect samples according to HPBC guidelines. Cure test cubes/cylinders and conduct compressive strength tests at specified dates.
*(Ref: HPBC Inspection Guidelines)*
Comments
Post a Comment