Bored Pile Foundation (Drilling, Sounding & Slime removal)

 Bored Pile Foundation (Drilling, Sounding & Slime removal)


ဘိုးပိုင်တူးနေစဉ် (drilling) ‌‌အချိန်တလျောက် bored hole အနက်ကိုသိဖို့ တိုင်းထွာတဲ့လုပ်ငန်းကို Sounding check လို့ခေါ်ကြတယ်။ နိုင်လွန်ကြိုးမှာ ပေကြိုးကို ပူးချည်ပြီး အဖျားမှာ အလေးချိန်ရှိတဲ့ သံချောင်းတုံးကို ချိတ်ဆွဲချည်နှောင်ထားပါသည်။ တူးရမည့် Bored hole အနက်ထက် ပိုမိုရှည်တဲ့ sounding ကြိုးကို ပြင်ဆင်ထားကြပြီး Bored hole depth ကို တိုင်းတာနိုင်ပါသည်။


🔹Koden Sounding Test

 

Bored pile diameter နှင့် Pile vertical axis  သတ်မှတ်ချက်အတွင်းရှိမရှိ၊ ကျင်းနုတ်ခမ်းတွေပြိုကျခြင်း (Caving) ဖြစ်နေသလားစတာတွေကို အချိန်နှင့် တပြေးညီ သိရှိနိုင်အောင် Koden Test   စစ်ဆေးကြပါသည်။ Sensor ငုတ်ကို  pile center မှတ‌ဖြေးဖြေးချသွားပြီး လက်ခံစက်ကနေ Bored pile profile (X-axis, Y-axis lateral view) ကိုထုတ်ပေးပါသည်။  Profile ကိုကြည့်ပြီး တွင်းတဖက်လိုက်သွားသလား၊ ကျယ်သွားသလား စတာတွေကို သိနိုင်ပြီး လိုအပ်သလို Adjustment of drilling  လုပ်နိုင်ပါသည်။ Auger/ Bucket တွေကို လိုအပ်သလို Maintenance လုပ်ခြင်း၊ Welding ဆော်ခြင်းဖြင့် Design diameter of bored pile ရအောင် ဆက်လက်တူးရပါသည်။ ပုံမှန်အားဖြင့် 5-meter depth တူးပြီးတိုင်း Koden sounding test ပြုလုပ်ပါသည်။


🔹Slime Removal


 သတ်မှတ်အနက် (design bored hole depth) ရောက်လျင် တွင်းအောက်ခြေကို သန့်ရှင်းရေးလုပ်ရမည်။ မြေကြီးအစအနများ၊ သဲများဟာ  Slurry နှင့် ရောနှောပြီး တွင်းအောက်ခြေမှာ Sludge ရွှံ့ထုအလွှာဖြစ်‌နေတတ်တယ်။ Rebar cage  မချခင်မှာ  Dredging bucket/ Cleaning bucket များဖြင့် သေချာဖယ်ထုတ်ရမည်။ Pile အောက်ခြေမှာမ ကောင်းတဲ့မြေသားတွေ၊ ရွှံ့ ပျော့ တွေ ရှိနေခြင်းဟာ Pile concrete quality ကိုထိ ခိုက်စေသလို End bearing capacity ကိုလည်းလျော့နည်းစေနိုင်ပါသည်။ (အချို့ လုပ်ငန်းတွေမှာတော့ Slime removal ကို rebar cage ချပြီး ကွန်ကရစ်မလောင်းခင်မှာ ပြုလုပ်ကြပါသည်)


📝 Points to check


Drilling မစခင်မှာ    Rotary drilling rig ရဲ့  Kelly bar, Kelly bar wire, reverse rotary condition စတာတွေကို  Mechanic team ဖြင့်သေချာစစ်ဆေးပြီး လိုအပ်လျင် Maintenance & Servicing ကြိုလုပ်ထားရမည်။ Crawler crane ရဲ့ Lifting tools and device တွေကို လည်း   Safety checklist/ rules တွေအတိုင်း သေချာစစ်ဆေးပြီး မှ သုံးစွဲစေရမည်။

(ဆက်ရန်)


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)




Bored Pile Foundation (Drilling, Sounding & Slime Removal)


The process of measuring the depth of the bored hole throughout the drilling operation is called a sounding check. A measuring tape is attached to a winch rope, and a heavy iron bar is hooked and tied to its end. A sounding rope longer than the required bored hole depth is prepared to allow for the measurement.


Koden Sounding Test


A Koden test is conducted to check in real-time whether the bored pile diameter and vertical axis are within specifications, and if cave-ins (caving) of the hole walls are occurring. A sensor probe is slowly lowered from the pile center, and the receiver device produces a bored pile profile (lateral view on X and Y axes). By examining this profile, issues like the hole deviating to one side or becoming wider can be identified, allowing for adjustments to the drilling process. The augers/buckets are maintained or welded as needed to ensure the design diameter of the bored pile is achieved as drilling continues. Typically, a Koden sounding test is performed every 5 meters of depth.


Slime Removal


Once the specified design depth is reached, the bottom of the hole must be cleaned. Soil particles and sand mixed with the slurry often form a layer of sludge or soft sediment at the bottom. This must be thoroughly removed using a dredging bucket or cleaning bucket before the rebar cage is installed. The presence of poor soil or soft mud at the pile base can compromise the concrete quality and reduce the end-bearing capacity. (On some projects, slime removal is done after the rebar cage is installed, just before concreting).


Points to Check


Before drilling begins, the rotary drilling rig's Kelly bar, Kelly bar wire, and reverse rotary condition must be thoroughly inspected by the mechanic team. Necessary maintenance and servicing should be done in advance if required. The lifting tools and devices of the crawler crane must also be strictly inspected according to safety checklists and rules before they are permitted for use.









Comments

Popular posts from this blog

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)

Comparison of Crushed Rock and River Shingle