Mortar for Brick laying and Plastering work

 သရိုး၊ သရွတ်၊ မဆလာ၊ အင်္ဂတေ (Mortar for Brick laying and Plastering work)


သရိုးဆိုတာ အုတ်စီတဲ့အခါ အုတ်တစ်လွှာနဲ့ တစ်လွှာကြားထည့်ရတဲ့ အရာ (Bonding mortar) ပါ။ အချို့အုတ်တွေရဲ့ အပေါ်မျက်နှာပြင်မှာ လေး‌ဒေါင့်ပုံ ချိုင့်ခွက်ကလေးဖေါ်ထားတတ်တယ်...

ဒါကိုတော့ သရိုး၀ပ်လို့ ခေါ်ပါတယ်။ သရိုးထည့်တဲ့နေရာလေးပေါ့။

သရွတ် ကျတော့ အုတ်နံရံအချောကိုင်တဲ့လုပ်ငန်းကိုခေါ်တာပါ။ သရွတ်ကျံတယ်၊ နံရံအချောကိုင်တယ်၊ အင်္ဂတေ

ကိုင်တယ် စသဖြင့် အမျိုးမျိုးခေါ်ကြပါတယ်။

မဆလာဖျော်တယ် မဆလာချောတယ် စတဲ့ ပန်းရံတွေ သုံးတဲ့ စကားကလည်း သရိုး၊ သရွတ် ကိုခေါ်တာပါပဲ။ ကျနော်တို့ ဆောက်လုပ်ရေးလုပ်ငန်းခွင်မှာ အသုံးများတဲ့ စကားလုံးပေါ့။

အခေါ်အ‌ဝေါ်ဘယ်လိုကွဲကွဲ သူ့ရဲ့ အဓိကရည်ရွယ်ချက်က အရာ၀တ္ထုတွေကို တစ်ခုနဲ့တစ်ခု တွဲဆက်စွဲကပ်စေဖို့ (Binding strongly together) ဖြစ်ပါတယ်။


ရှေးခေတ်က ရွံ့စေး၊မြေစေးတွေနဲ့ ကျောက်စီအိမ်ငယ်များ တည်ဆောက်ပြီး နေစရာဖန်တီးခဲ့ကြတယ်။ Mud mortar ခေါ်မှာပေါ့။ ဒါပေမယ့် အစိုဓါတ်နဲ့ ထိတွေ့တဲ့အခါ တွဲဆက်မှုအားမကောင်းတော့ပဲ ပျက်စီးလွယ်ပါတယ်။ (ကျေးလက်ဒေသတွေမှာ ၀ါးထရံကို ရွှံ့နဲ့ မံပြီး အချောကိုင်ထားတာတွေ့ဖူးကြမယ်... နောက်ချေး (နွားချေး) နဲ့ တလင်းနယ်တာတို့၊ စပါးပုတ်တောင်း (၀ါးနဲ့ ယက်လုပ်ထားတဲ့ တောင်းအကြီး) တွေကို အတွင်းအပြင် ကျံပြီး အခြောက်ခံ အသုံးပြုကြတာတွေဟာ အင်္ဂတေကိုင်တဲ့ သဘောနဲ့တူမယ်လို့ ထင်မိပါတယ်)


အီဂျစ်ပြည်မှာ ပိရမစ်ကြီးတွေတည်ဆောက်တော့ ထုံးသရွတ် (Lime) နဲ့ Gypsum မှုန့်တွေဖျော်ပြီး အဓိက အသုံးပြုခဲ့ကြတယ်။ ယခင်သုံးခဲ့တဲ့ ရွှံ့စေးထက် ထုံးက အချိန်ကြာလာတာနဲ့အမျှ ပိုမိုခိုင်ခံ့မာကျောလာတဲ့ အတွက် Masonry Construction တွေမှာ ထုံး (Lime Mortar)ကို ပိုမိုတွင်ကျယ်စွာအသုံးပြုလာခဲ့ကြပါတယ်။ ဘိလပ်မြေ မပေါ်ခင် အချိန်ထိ အသုံးများခဲ့တယ်ဆိုပါတော့။ 

Lime mortar ဟာမာကြောလာဖို့ အချိန်အတော်ကြာပါတယ်၊ ဓါတ်ပြုဖို့အတွက်လည်း လေထဲက Carbon dioxide (Co2) လိုပါတယ်တဲ့...

ဒါကြောင့် အချိန်မြန်မြန်တည်ဆောက်လာကြတဲ့ ယခုခေတ်မှာတော့ ထုံးသရွတ် (Lime Mortar) ကို အသုံးမပြုသလောက်နည်းပါးသွားပါပြီ...


ပုဂံခေတ် အင်္ဂတေပညာ


ပုဂံခေတ် အင်္ဂတေအတတ်ပညာကို ပုဂံဒေသက ဘုရားပုထိုးတွေမှာ ဂုဏ်ယူဖွယ် တွေ့ရှိနိုင်ပါတယ်။ အပ်ထိုးလို့မပေါက်အောင် စီထားတဲ့ အုတ်စီလက်ရာတွေ နံရံဆေးရေးပန်းချီနဲ့အလှဆင်ထားတဲ့ အင်္ဂတေ လက်ရာတွေဟာ ယခုတိုင် မပျက်မစီးဘဲတည်ရှိနေပါသေးတယ်...

ပုဂံဒေသထွက် မြေနီစေး၊ အုံတုံရည်၊ တင်လဲရည်၊ဥသျှစ်စေး၊ ကျွဲကော်တို့သုံးပြီး အုတ်စီကြတယ်။ ထုံး၊ မြေနီမှုန့် နဲ့ သဲရောပြီး အင်္ဂတေအဖြစ် အသုံးပြုခဲ့ ကြတယ်...ပုဂံခေတ်ပန်းရံအတတ် အင်္ဂတေအတတ်ပညာဟာ အံ့မခန်းပါပဲ... 


ဆွေလှိုင်ဦး (မြို့ပြ ၂၀၀၄)





Mortar for Brick Laying and Plastering Work  


*Thayoe* refers to the material used between layers of bricks when laying them (bonding mortar). Some bricks have small square indentations on their surface, which are called *Thayoe-wat*—the space where the mortar is applied.  


*Thaywat*, on the other hand, refers to the process of finishing brick walls. It is also called *Thaywat kyant*, wall finishing, or applying mortar. Terms like *Masala pyaw* (mixing mortar) or *Masala chaw* (smoothing mortar) used by masons also refer to *Thayoe* and *Thaywat*. These are commonly used terms in the construction industry.  


No matter how the terminology varies, the main purpose is to strongly bind objects together.  


In ancient times, people built small stone houses using clay and mud—what we would now call *mud mortar*. However, when exposed to moisture, the bonding strength weakens, making it prone to damage. (In rural areas, you may have seen bamboo walls coated with clay for finishing, or mixtures using cow dung and lime. Large woven bamboo baskets (*paddy storage baskets*) are often coated inside and out before drying—this resembles the concept of applying mortar.)  


When the Egyptians built the pyramids, they primarily used *lime mortar* mixed with gypsum powder. Compared to clay, lime becomes harder and more durable over time, making it widely used in masonry construction before the invention of cement.  


However, *lime mortar* takes a long time to harden, as it requires carbon dioxide (CO₂) from the air for the chemical reaction. In today's fast-paced construction industry, lime mortar is rarely used anymore.  


The Art of Mortar in the Bagan Era 


The skill of mortar craftsmanship during the Bagan period can still be admired in the temples and pagodas of the region. The tightly fitted brickwork (so precise that not even a needle can pass through), the beautifully decorated plasterwork, and the murals on the walls remain intact to this day.  


The Bagan artisans used locally sourced red clay, *On done yay* (a type of resin), *tanle yay* (another binding agent), tamarind paste, and buffalo glue for brickwork. They mixed lime, red clay powder, and sand to create mortar. The masonry and plastering techniques of the Bagan era were truly remarkable.  








Comments

Popular posts from this blog

Construction joint

Understanding Rebar Test Reports

Rebar Tensile Strength and Yield Strength Ratio (fu/fy)