Posts

Showing posts from June, 2025

Sampling of Concrete

Image
 Sampling of Concrete (ကွန်ကရစ်နမူနာကောက်ယူခြင်း) ဆိုက်မှာဖျော်စပ်သော Site mixed concrete ကိုသော်လည်းကောင်း၊ Batching plant များမှ မှာယူသော Ready mixed concrete ကိုသော်လည်းကောင်း  Design requirement အတိုင်း Concrete Strength ပြည့်မီမှုရှိမရှိ သိရှိနိုင်ရန် ကွန်ကရစ်နမူနာကောက်ယူခြင်း (Sampling) လုပ်ပြီး Strength Test စမ်းသပ်ကြပါသည်။ Actual structure ရဲ့ Strength ကို Reference concrete sample ရဲ့ Strength နဲ့ ဆုံးဖြတ်ကြတဲ့အတွက် On site concrete သေချာလောင်းဖို့ အရေးကြီးသလို Mold ယူတဲ့အခါ Standard specification တွေအတိုင်းသေချာယူဖို့ အရေးကြီးပါတယ်။ Sample ဘယ်လိုယူမလဲ Ready-mixed concrete ဆိုလျင် AG Truck ၏ စစချင်း ကွန်ကရစ်နှင့် နောက်ဆုံးကွန်ရစ် (10% concrete quantity of the batch မတိုင်မီ နှင့် 90% concrete quantity နောက်ပိုင်း) ကိုမယူရပါ။ ကြားပိုင်းကွန်ကရစ်ကို အနည်းဆုံးနှစ်နေရာခွဲယူ၊ ပြန်‌ရောမွှေပြီး Specimen ပြုလုပ်ရပါမည်။ ပထမ နမူနာနှင့် နောက်ဆုံးနမူနာယူရန်ကြာချိန် (Elapsed Time) ၁၅-မိနစ်ထက်မပိုရပါ။ (ASTM-C172, AASHTO-T141 လေ့လာကြည့်ပါရန်) Site mix concrete ဆိုလျင် (ဘိလပ်မြေတစ်အိတ...

Concrete Mix Ratio (Various Concrete Mixes)

Image
 Concrete Mix Ratio (ကွန်ကရစ်အရော အမျိုးမျိုး) Mass production of Concrete လုပ်ငန်းတွေမှာ ဖော်ပြပါ Strength တွေရဖို့ အတွက် Concrete Mix Design (Mixing ratio of raw materials) သေချာပြုလုပ်ပြီး Trial Mix အကြိမ်ကြိမ်စမ်းသပ်ကာ Compressive strength test စစ်ဆေးကြပါသည်။ လိုအပ်တဲ့ Strength ပြည့်မီမှ သုံးစွဲကြပါသည်။ Ready mix concrete မရနိုင်တဲ့ ‌ဒေသတွေမှာတော့ ယခင်နည်းဟောင်းအတိုင်း 1:3:6, 1:2:4, 1: 1½: 3 စသဖြင့် Cement: Sand: Aggregate သတ်မှတ်အချိုးရောမွှေပြီး ကွန်ကရစ်ဖျော်စပ်ကြပါသည်။ (ကျနော်တို့ကျောင်းသားဘ၀ကတည်းက သင်လာရတဲ့ Yellow Book ခေါ် Analysis of Rate စာအုပ်ထဲမှာ Concrete Ratio များစွာဖော်ပြထားသလို လက်တွေ့လည်း လိုက်နာတွက်ချက်ကြပါတယ်) Mix Ratio နဲ့ Concrete Strength  1:3:6     ~ 10 MPa 1:2:4     ~ 15MPa 1:1½:3  ~ 20 MPa 1:1:2     ~ 25 MPa ခန့် အကြမ်းဖျင်း ရရှိနိုင်တယ်လို့ မှတ်သားဖူးပါတယ်။  ယခင်ပရောဂျက်မှာ Portable concrete mixer နှင့် On site mix concrete ဖျော်စပ်သုံးခဲ့ ဖူးတယ်။  (Cement 1: Sand 2.2: Crushed rock 2.6 ) အခ...

Concrete Compressive Strength, Grade or Class

Image
  Concrete Compressive Strength, Grade or Class (ကွန်ကရစ်ရဲ့ဖိအားဒဏ်ခံနိုင်မှု) ကွန်ကရစ်ဟာ ဖိအားဒဏ် (Compressive Stress) ကို ကောင်းမွန်စွာ ခံနိုင်ပါတယ်။ ကွန်ကရစ်ကို သူ့ရဲ့ဖိအားဒဏ်ခံနိုင်မှု (Compressive Strength) ပေါ်မူတည်ပြီး အတန်းအစားအမျိုးမျိုးခွဲကြတယ်။ တစ်လက်မ ပတ်လည်မှာ ဖိအားဘယ်နှပေါင်ခံနိုင်တယ် (Pound per square inch, Lb/in2, psi)၊ တစ်မီလီမီတာ ပတ်လည်မှာ နယူတန်ဘယ်လောက် ခံနိုင်တယ် Newton per square millimeter, N/mm2, Megapascal (MPa) စသဖြင့် ကွန်ကရစ်ရဲ့ ဖိအားဒဏ်ခံနိုင်မှု (Unit of Concrete Compressive Strength) ကိုဖော်ပြကြပါတယ်။  ဒီယူနစ်တွေက ကွန်ကရစ်မျက်နှာပြင်ဧရိယာပေါ်မှာ သက်ရောက်တဲ့ အားဆိုတော့ Floor Slab မျက်နှာပြင်မှာ ခံနိုင်တဲ့ ဖိအားလား၊ Concrete road pavement ပေါ်၊ Column အပေါ် ကခံနိုင်တဲ့ဖိအားလား စသဖြင့် ကွန်ကရစ်ထု ဘယ်လောက်အထူပေါ်မှာ သက်ရောက်မှုခံနိုင်တဲ့ အားလည်းဆိုတာ မေးစရာပေါ့။ တကယ်တော့ Concrete strength က မြေကြီးတွေ ဖိအားဒဏ်ခံနိုင်သလိုမျိုး (Soil Bearing Capacity) လို တိုက်ရိုက် စဥ်းစားတာမျိုး မဟုတ်ဘဲ Reference Concrete specimens (Sample mold) ရဲ့ ဖိအားခံနိုင်မှုနှ...

Basic of Concrete

Image
  ကွန်ကရစ် ဆိုတာ (Basic of Concrete) အ‌ရှေ့အလယ်ပိုင်း‌ (middle east)၊ ဂျော်ဒန်မြစ်၀ှမ်းဒေသနှင့် အီဂျစ်ပြည်ဟာ နှစ်ထောင်ချီများစွာကတည်းက ယဥ်ကျေးမှုထွန်းကားခဲ့ကြတယ်။ ဆောက်လုပ်ရေးအတတ်တို့ ကျွမ်းကျင်ကြတယ်။ ထုံး (Lime)၊ gypsum တွေကို ရေနဲ့ ‌ရောကာ Lime mortar ပြုလုပ်ပြီး ကျောက်စီတာတွေ၊ မျက်နှာပြင် အချောကိုင်တာတွေ ပြုလုပ်ခဲ့ကြတယ်။ ရောမပြည်က ဂရိလူမျိုးတွေဟာလည်း Lime နဲ့ Pozzolan ကိုသဲတွေ၊ ကျောက်တွေနဲ့‌ရောပြီး Roman Concrete အဖြစ်တွင်တွင်ကျယ်ကျယ်အသုံးပြုကာ ယခုအချိန်ထိ တည်ရှိနေသေးတဲ့ လက်ရာမြောက်အဆောက်အဦး တွေတည်ဆောက်ခဲ့ကြတယ်။ ၁၉-ရာစုအစောပိုင်းမှာ ဘိလပ်မြေ (Portland Cement) ကိုတီထွင်နိုင်ခဲ့တဲ့နောက် ယခုခေတ်သုံး ကွန်ကရစ်ရယ်လို့ အဆင့်ဆင့် တိုးတက်ဖြစ်ထွန်းလာခဲ့ပါတယ်။ Concrete မှာ အဓိကပါ၀င်တာတွေက စွဲကပ်စေတဲ့ Binder ဖြစ်တဲ့ ဘိလပ်မြေ (Portland Cement)၊ ‌paste အနှစ်ဖြစ်စေဖို့ ရောတဲ့ ရေ၊ Filler လို့ခေါ်တဲ့ သဲ(Fine aggregate) နှင့် ကျောက် (Coarse aggregate) တို့ဖြစ်ကြတယ်။Raw material တွေမှာ နဂိုက ခိုအောင်းနေတဲ့ ‌လေကြောင့် Concrete mix ထဲမှာ လေလည်း ရောနှောပါ၀င်နေပါတယ် (Concrete= Cement + Water+ Air+ Agg...