Posts

Showing posts from August, 2025

Pile Integrity Test for Bored Pile (Low Strain Impact Test / PIT)

Image
 Pile Integrity Test for Bored Pile (Low Strain Impact Test / PIT)  Bored pile testing လုပ်ငန်းမှာ Load test များစမ်းသပ်စစ်ဆေးရသလို Pile Integrity Test / Continuity Test စမ်းသပ်ပြီး Bored pile concrete ရဲ့ အရည်အသွေးကောင်းမွန်မှုကို စစ်ဆေးကြပါသည်။ Bored pile drilling လုပ်ငန်းစဥ်မှာ Pile size နှင့် Pile depth ကို Koden sounding test ဖြင့်စစ်ဆေးအတည်ပြုခဲ့သော်လည်း Concrete လောင်းစဥ်မှာ အကြောင်းအမျိုးမျိုးကြောင့် Pile diameter မပြည့်မှီတာတွေ၊ အပြစ်အနာအဆာတွေ ဖြစ်ပေါ်နိုင်ပါသည်။ ဒါကြောင့် Pile Integrity Test စမ်းသပ်စစ်ဆေးကြပြီး အပြစ်အနာအဆာကင်းစင်မှုကို အတည်ပြုကြပါသည်။ Integrity Test/ continuity test လုပ်ငန်းတွင် Low Strain Impact Test (PIT), Ultrasonic Cross-hole Test (Cross-hole Sonic Logging Test, CSL) နှင့် Thermal Integrity Profiling test (TIP) တို့ဖြင့် စမ်းသပ်စစ်ဆေးကြပါသည်။ 📌 Low Strain Impact Test ( Pile Integrity Tester, PIT)  လက်ကိုင်တူငယ်ဖြင့် အားအနည်းငယ်သာ အသုံးပြုပြီး ထုရိုက်စစ်ဆေးရလို့ low strain impact လို့ခေါ်တာပါ။  Bored pile concrete  7- ရက်သားကျော်မှ...

Bored Pile Load Test (Equipment & Tools)

Image
  Bored Pile Load Test (Equipment & Tools) Static load test နှင့် Dynamic load test ပြုလုပ်ရာတွင် အသုံးပြုသော Equipment & tools များမှာ အောက်ပါအတိုင်းဖြစ်ပါသည်။ -Hydraulic Jack for vertical and lateral load apply  -Load cell (optional) for direct load measurements  -Pressure Gauge for measuring jack pressure (indirect load) -Dial Gauges for measuring displacement  -LVDT (linear variation displacement transducer) for precise settlement/displacement readings  -Strain Gauges for measuring stress/force in pile -Accelerometers for measuring pile acceleration (velocity) -Steel reaction frame / Kentledge to transfer jack load to pile -Hammer to apply impact load -PDA (pile driving analyzer) measures force and velocity during hammer impact အထက်ပါ tool & equipment များကို Certified calibration laboratory များတွင် calibrate ပြုလုပ်ရမည်။ ☘️HPBC guidelines for Calibration  -Pie load test ပြုလုပ်ရာတွင် system တစ်ခုလုံးအတွက် calibration ပြုလုပ်ထားလျင် Load ce...

Bored Pile Load Test (Dynamic Load Test / PDA Test)

Image
  Bored Pile Load Test (Dynamic Load Test / PDA Test) Dynamic Load Test ဆိုတာ သတ်မှတ်အလေးတုံး (Weight hammer) ကို သတ်မှတ်အမြင့် မတင် ပြီး Pile ထိပ်မျက်နှာပြင်ပေါ်ကို Free fall လွှတ်ချ၍ ဆောင့်ရိုက်စမ်းသပ်ခြင်းဖြစ်ပါသည်။ Drop Impact ကြောင့် ဖြစ်ပေါ်လာတဲ့ Strain and acceleration ကို Sensor များမှတဆင့် Pile Dynamic Analyzer (PDA) လို့ခေါ်တဲ့ စက်ဖြင့် ချိတ်ဆက်ပြီး Pile bearing capacity, pile integrity, skin friction စသည်တို့ ကိုတွက်ထုတ်ခြင်းဖြစ်ပါသည်။  ✏️Pile dynamic load test အတွက် Standard အဖြစ် ASTM D 4945 ကို လိုက်နာကြပါတယ်။ 🔹 Preparation of Pile Head Test pile ကို 7-days (သို့) 85% of 28-days strength ပြည့်မှ PDA စမ်းသပ်ရမည်။ Pile ထိပ်မျက်နှာပြင် ညီညာစေဖို့ Grouting လောင်းခြင်းစတဲ့  Pile Head Treatment ကြိုတင်ပြုလုပ်ထားရမည်။  Hammer ရိုက်ချက်ကြောင့် Pile ထိပ်ကွန်ကရစ်သားတွေ ထိခိုက်မှုနည်းအောင် အထပ်သားပြားစသည်တို့ကို Cushion အဖြစ် ခံပါသည်။ 🔹 Installation of Equipment Drop Hammer အတွက် weight များ၊ Guide frame များတပ်ဆင်ပါသည်။ Testing sensor accessories များဖြစ်တဲ့ St...

Bored Pile Load Test (Static Load Test in Tension and Lateral Load)

Image
 Bored Pile Load Test (Static Load Test in Tension and Lateral Load) 📌Pile load test ဆိုလျင် အပေါ်ကနေ အလေးဝန်တင်ပြီး ဖိချတဲ့ နည်းလမ်း (Compression test) က အသုံးများပေမယ့် uplift pressure (အပေါ်ကိုဆွဲမပြီး ကြွတက်စေတဲ့ အား) ခံစားရနိုင်တဲ့ Towers foundation, anchor piles နှင့် Retaining structures foundation တွေရဲ့ Pile တွေကို Tension Test / Pullout Test ပြုလုပ်စစ်ဆေးကြပါသည်။  📌Wind, seismic, earth pressure နှင့် water flow load စတဲ့ ဘေးတိုက်သက်ရောက်အား (Horizontal force) ခံစားရတဲ့ Bridge piers, Towers, Marine piles စတာတွေကို Lateral static load test စမ်းသပ်စစ်ဆေးကြပါသည်။ 🔹Static Load Test in Tension (Pullout Test) Tension force ပေးမယ့် Test pile points ဘေးမှာ Reaction piles (anchor piles) များတည်ဆောက်ရပါသည်။ Anchor piles များကို Reaction Beam (Steel beams) ဖြင့် ချိတ်ဆက်ရပါသည်။ Test pile ထိပ်မှာ anchor connection အတွက် လိုအပ်တဲ့ embedded hook /anchorage များကြိုတင်တပ်ဆင်ထားရမည်။  Test pile နှင့် Reaction beam ကို Anchorage frame ဖြင့် ချိတ်ဆက်ကာ Hydraulic jack (pressing ...

Bored Pile Load Test (Static Load Test in Compression)

Image
 Bored Pile Load Test (Static Load Test in Compression) Static Load Test ဆိုတာ သတ်မှတ်ထားတဲ့ အလေး၀န် (Design Pile Load) ကို Pile အပေါ်  တဆင့်ခြင်း (ဖြည်းဖြည်းခြင်း) သက်ရောက်စေပြီး Pile ရဲ့ ခံနိုင်၀န် (Loading) နှင့် Settlement ကိုစမ်းသပ်ခြင်းဖြစ်ပါသည်။ Static Load Test မှာ Kentledge Method (Concrete Block Method) နှင့် Reaction Pile Method (Anchor Piles Method) ဆိုပြီး နှစ်မျိုးခွဲခြားနိုင်ပါသည်။   ☘️ Kentledge Method (Concrete Block Method) စမ်းသပ်မည့် Test pile point အပေါ်မှာ Steel frame များနှင့် concrete block တုံးများကို တင်၍ Steel loading platform (Kentledge system) တပ်ဆင်ပါသည်။ Kentledge နှင့် Test pile ကြားမှာ Hydraulic Jack ကိုထား၍ kentledge ကို counterweight အဖြစ်အသုံးချပြီး Pile ကိုဖိချခြင်းဖြစ်ပါသည်။ သတ်မှတ် Load ကို တဆင့်ခြင်း မြှင့်သွားကာ နိမ့်ကျ သွား တဲ့ Pile settlement ကိုမှတ်သားပါသည်။ WLT  or ULT ရဲ့ အမြင့်ဆုံး load ကို တင်ပြီးလျင် တဆင့်ခြင်း Load ပြန်လျော့ပါသည်။ Load တင်ခြင်း၊ ချခြင်းကို ရက်ချီ ကြာအောင် ပြုလုပ်ကြရပါသည်။  ရလာတဲ့ Load vs settleme...

Bored Pile Testing

Image
 Bored Pile Testing (ဘိုးပိုင်ခံနိုင်အားနှင့် အရည်အသွေးစမ်းသပ်ခြင်း) Bored pile foundation လုပ်ငန်းပြီးစီးတဲ့အခါ Bored pile quality အရည်အသွေးစမ်းသပ်ခြင်းအမျိုးမျိုးကို သတ်မှတ် specification နှင့် အညီ ပြုလုပ်ကြရပါတယ်။ Bored Pile Testing ပြုလုပ်ရာတွင် အလေး၀န်ထမ်းဆောင်နိုင်မှု load bearing capacity, strength & performance ကို စစ်ဆေးခြင်း (Pile load test) နှင့်  Pile concrete ကွန်ကရစ်သားအပြစ်အနာအဆာရှိမရှိစစ်ဆေးခြင်း (Pile integrity test / Pile continuity test) ဟူ၍ အဓိကအားဖြင့် နှစ်မျိုးရှိပါသည်။ Bored pile လုပ်ငန်းကို စနစ်တကျသေချာပြုလုပ်ကြပေမယ့် အရည်အသွေးနှင့် အလေး၀န်ခံနိုင်မှုမှာ မသေချာမှု (Uncertainty) ရှိနိုင်သဖြင့် စမ်းသပ်စစ်ဆေးမှု မဖြစ်မနေပြုလုပ်ကြရပါသည်။  ✔️HPBC guideline အရ စမ်းသပ်ရမည့် Bored Pile Test အမျိုးအစားနှင့်အကြိမ်အရေအတွက်မှာ အောက်ပါအတိုင်းဖြစ်ပါသည်။  🔹 Minimum Number of Pile Load Tests for Bored pile -Instrumental / Ultimate load Test- 1 Nos -Working Load Test 1% of Total Number of Bored Piles -Integrity Test 50% of Total Number of Bored Piles ...

Bored Pile Foundation (Concrete Pouring)

Image
 Bored pile foundation (ဘိုးပိုင်ကွန်ကရစ်လောင်းခြင်း)  Slime treatment process ပြီးတာနဲ့ Concrete လောင်းခြင်းလုပ်ငန်းကို ဆက်လက်ပြုလုပ်ပါသည်။ Batching plant နှင့် Site အကွာအဝေးကို ချိန်ပြီး Concrete order ကြိုတင်ထားရမည်။ ☘️ Concrete strength and slump   Bored pile concrete ကို  High strength, High slump အသုံးပြုကြပါသည်။ Cylinder strength 35-Mpa ~ 40-Mpa ခန့်၊  Slump ~200mm (Flow slump ~550mm ခန့်) သုံးလေ့ရှိကြသည်။ Tremie pipe ဖြင့် လောင်းရတာရယ်၊ Vibrator ထိုးဖို့မဖြစ်နိုင်တာရယ်၊ အချိန်ပေးရတာရယ်စတဲ့ အကြောင်းတွေကြောင့်  Workability ကို အချိန်တစ်ခုကြာကြာထိန်းထားနိုင်ဖို့ High slump concrete ကိုသုံးခြင်းဖြစ်ပါသည်။ AG truck access အတွက် casting platform ကြိုတင်ပြင်ဆင်ထားရမည်။ AG access အဆင်မပြေလျင် Boom pump စသည်တို့ဖြင့်လည်းလောင်းနိုင်ပါသည်။ 🔹 Concrete pouring   Tremie pipe ထဲမှာ Slurry တွေ၀င်ရောက်နေရာယူထားတဲ့အတွက် Concrete လောင်းလိုက်လျင် Slurryတွေနှင့် မရောနှောသွားစေရန် ဖော့အဖြူပြားလေးကို အ၀ိုင်းပုံလှီးပြီး Concrete hopper ထိပ်၀မှာ End plate or plug...

Bored Pile Foundation (Tremie Pipe installation & Slime Treatment)

Image
  Bored Pile Foundation (Tremie Pipe installation & Slime Treatment) 🔹Rebar cage ချပြီးလျှင် ကွန်ကရစ်လောင်းတဲ့လုပ်ငန်းဆက်လက်ပြုလုပ်နိုင်ဖို့ tremie pipe တပ်ဆင်ခြင်း၊ တွင်းအောက်ခြေ သန့်ရှင်းရေးစတာ တွေပြုလုပ်ရပါသည်။ ☘️ Tremie pipe installation   Bored pile concrete က ရေ‌အောက်ထဲလောင်းရတာမျိုးပါ။ Slurry fluid တွေပြည့်နေတဲ့ Bored hole တွင်းထဲလောင်းထည့်ရတာမို့ Tremie pipe လို့  ခေါ်တဲ့ 250mm (300mm) diameter နှင့် အရှည် 1m, 2m, 3m စသဖြင့်ရှိတဲ့ သံပိုက်တွေကို တွင်းအောက်ခြေအထိ ဆက်ပြီးချရပါသည်။ Tremie pipe ကို rebar cage အတွင်း အလည်မှာ တည့်မတ်စွာချဖို့ အရေးကြီးပြီး ပိုက်အဆက်တွေရေလုံရပါမည်။ သို့မှသာ လောင်းလိုက်တဲ့ ကွန်ကရစ်ထဲကို ပြင်ပကရေတွေ၊ Slurryတွေ၀င်ရောက်ရောနှောလာတာမျိုးမဖြစ်စေမှာပါ။ Bored hole bottom အထက် 200mm ~ 300mm လောက်အထိ Tremie pipe length ကို တွက်ချက်ပြီးချရပါမည်။ ☘️ Slime Treatment Rebar cage installation ကြောင့်လည်းကောင်း၊ အစောပိုင်း Slime removalလုပ်တုန်းကကျန်နေတဲ့ အနည်အနှစ်တွေကြောင့်လည်းကောင်း၊ တွင်းနုတ်ခမ်းသားတွေ ပဲ့ကျခြင်းကြောင့်လည်းကောင်း ရွှံ့တွေ၊ သဲတွေ တွင...

Bored Pile Foundation (Rebar cage fabrication & Installation)

Image
 Bored Pile Foundation (Rebar cage fabrication & Installation) 📌 Rebar cage fabrication   Approved rebar drawing အတိုင်း Design length, rebar size & number, spacing, lapping, spacer and cover block စသဖြင့် ညီညာတဲ့ မျက်နှာပြင်မှာ Fabrication ပြုလုပ်ရမည်။ Steel cage ကို  fabrication and handling လုပ်စဥ်မှာ ကွေး/လိမ်သွားတာတွေမဖြစ်စေဖို့ ဂရုစိုက်ရမည်။ Consultant inspector ရဲ့ စစ်ဆေးမှုကြိုတင်ခံယူပြီး approval ယူထားရမည်။ Bored hole drilling လုပ်ငန်းစဥ်ပြီးတာနဲ့ rebar cage ချနိုင်အောင် အဆင်သင့် ပြင်ဆင်ထားရမည်။ Rebar cage ကို မြေကြီးထဲ မှာ Concrete cover အမှန်ရစေဖို့ အလွန် အ‌ရေးကြီးပါသည်။ 75mm concrete cover ရအောင် spacer များလုံလောက်စွာ တပ်ဆင်ရမည်။ Plastic spacer , metal spacer များအသုံးပြုကြပြီး metal spacer များဆိုလျင် သံချေးမတက်အောင် Anti-rust paint များကြိုတင်သုတ်လိမ်းထားရမည်။  📌 Rebar Cage Installation    Rebar cage များကို Bored hole  အနီးဆုံးနေရာကို ရွှေ့ထားပြီး Crane ဖြင့် Vertical position ရအောင် မရမည်။ တွင်းထဲကို အလည်ဗဟို တည့်မတ်စွာ ဖြည်း...

Bored Pile Foundation (Drilling, Sounding & Slime removal)

Image
 Bored Pile Foundation (Drilling, Sounding & Slime removal) ဘိုးပိုင်တူးနေစဉ် (drilling) ‌‌အချိန်တလျောက် bored hole အနက်ကိုသိဖို့ တိုင်းထွာတဲ့လုပ်ငန်းကို Sounding check လို့ခေါ်ကြတယ်။ နိုင်လွန်ကြိုးမှာ ပေကြိုးကို ပူးချည်ပြီး အဖျားမှာ အလေးချိန်ရှိတဲ့ သံချောင်းတုံးကို ချိတ်ဆွဲချည်နှောင်ထားပါသည်။ တူးရမည့် Bored hole အနက်ထက် ပိုမိုရှည်တဲ့ sounding ကြိုးကို ပြင်ဆင်ထားကြပြီး Bored hole depth ကို တိုင်းတာနိုင်ပါသည်။ 🔹 Koden Sounding Test   Bored pile diameter နှင့် Pile vertical axis  သတ်မှတ်ချက်အတွင်းရှိမရှိ၊ ကျင်းနုတ်ခမ်းတွေပြိုကျခြင်း (Caving) ဖြစ်နေသလားစတာတွေကို အချိန်နှင့် တပြေးညီ သိရှိနိုင်အောင် Koden Test   စစ်ဆေးကြပါသည်။ Sensor ငုတ်ကို  pile center မှတ‌ဖြေးဖြေးချသွားပြီး လက်ခံစက်ကနေ Bored pile profile (X-axis, Y-axis lateral view) ကိုထုတ်ပေးပါသည်။  Profile ကိုကြည့်ပြီး တွင်းတဖက်လိုက်သွားသလား၊ ကျယ်သွားသလား စတာတွေကို သိနိုင်ပြီး လိုအပ်သလို Adjustment of drilling  လုပ်နိုင်ပါသည်။ Auger/ Bucket တွေကို လိုအပ်သလို Maintenance လုပ်ခြင်း၊ Welding ဆေ...