Basic Principles of Concrete Mix Design (2) – W/C, S.G, Density, and FM

Concrete Mix Design အကြောင်းအခြေခံ (၂) W.C, S.G, Density and FM ✳️Water-Cement Ratio (w/c) ရေနှင့် ဘိလပ်မြေ အချိုးကို အလေးချိန် (by weight) ဖြင့် ဖော်ပြပါသည်။ w/c 0.5 ဆိုလျင် ဘိလပ်မြေ 50-Kg ထည့်လျင် ရေ 25-Kg ထည့်ရမည်။ (25/50 = 0.5, w/c 0.5). w/c ratio များရင် ရေများတဲ့ အတွက် Concrete strength လျော့နည်းသွားမည်။ w/c ratio နည်းရင် ဘိလပ်မြေ ပိုထည့်ရမည်။ Strength ပိုကောင်းသည်။ ကုန်ကျစရိတ် ပိုလာမည်။ ဒါကြောင့် ကုန်ကျစရိတ်လည်းသက်သာ၊ လိုအပ်တဲ့ strength လည်းရစေမယ့် Optimum w/c ratio ကို ရွေးချယ် သုံးစွဲကြပါတယ်။ ✳️Maximum size of Aggregate ကျောက်အရွယ်အစားက ထည့်သွင်း ရောစပ်ရမယ့် ဘိလပ်မြေ ပမာဏ အပေါ်အကျိုးသက်ရောက်ပါတယ်။ aggregate size ကြီးလေ ဘိလပ်မြေ လိုအပ်ချက်နည်းလေပါတဲ့။ ဒါပေမယ့် Rebar များတဲ့ concrete structure တွေအတွက် aggregate size ကြီးလို့မရတဲ့ အတွက် Maximum size 19mm ~ 25mm လောက်သုံးစွဲကြပါတယ်။ ✳️Specific Gravity (S.G) Lab test report မှာ ကြိုတင်ရှာဖွေထားတဲ့ Cement, sand, aggregate, admixture တွေရဲ့ သိပ်သည်းဆ (Specific Gravity) တန်ဖိုးတွေ သိရမယ်။ Concrete 1m3 ...