Understanding Rebar Test Reports

Rebar Test Report ကိုနားလည်စေရန် (သံချောင်းလုံးတွေ size ပြည့်မပြည့်၊ strength ပြည့်မပြည့် စိတ်ချရတဲ့ 3rd party lab တွေမှာစစ်ဆေးဖို့ သင့်သလို ရရှိလာတဲ့ test report တွေကိုလည်း သိရှိ နားလည်ဖို့ လိုပါတယ်။ ငလျင်ကြီး ကြုံတွေ့ခံစားရပြီးနောက် သံချောင်းလုံးရဲ့ အရေးကြီးပုံကို အင်ယာတွေ၊ ဆောက်လုပ်ရေးလောကကသူတွေ ပိုမို ဂရုပြု အာရုံစိုက်လာကြမယ်လို့ထင်ပါတယ်။) Client / Authority လိုအပ်ချက်အရ Rebar တွေကို 3rd party laboratory မှာ Testing ပြုလုပ်ကြပါတယ်။ Rebar ရဲ့ Strength test တွေအပြင် physical property ဖြစ်တဲ့ nominal diameter (size) နှင့် weight (lb/ft or Kg/m) တန်ဖိုးတွေကိုစစ်ဆေးပြီး Test report မှာထည့်သွင်းဖော်ပြကြပါတယ်။ Tensile Test Certificate Rebar အပ်တဲ့ Client name, Receiving and testing date, Rebar နဲ့ ပတ်သက်တဲ့ အချက်တွေ, testing method and reference standards တွေကို ဦးစွာဖော်ပြထားတယ်။ Nominal Diameter of Rebar Rebar ရဲ့ Rib မရှိတဲ့ နေရာမှာ Diameter ကိုတိုင်းတာပြီး Nominal diameter အဖြစ် ဖော်ပြတယ်။ မိမိ ၀ယ်ယူထားတဲ့ သံချောင်းလုံး size ဟာ Designer သတ်မှတ်တာနဲ့ ကိုက်ညီမှုရှိမရှိ သိရှိနိုင်တယ...